သင့် လောင်ဒရီလုပ်ငန်း ပိုမိုတိုးတတ် အောင်မြင်ချင်ပါလား?

ဒိုဘီမတ် ဟာ မိုဘိုင်းဖုန်း ၊ တတ်ဘလက် နဲ့ ကွန်ပျူတာတွေမှာ အလွယ်တကူ အသုံးပြုနိုင်တဲ့ အင်တာနက် ဆော့ဖ်ဝဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲဟာ အဝတ်လျှော်လုပ်ငန်းတွေအတွက် အဝတ်အပ်လက်ခံခြင်း ၊ ဘောင်ချာထုတ်ခြင်း ၊ အဝတ်လျှော် မှတ်တမ်း စာရင်းသွင်းခြင်း ၊ မီးပူတိုက်ပြီး ၊ လာယူပြီး ၊ ပို့ပြီး စာရင်းများသွင်းခြင်း နှင့် ဝင်ငွေ ထွက်ငွေ စာရင်းများကို အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

home img

လွယ်ကူတယ်

မြန်ဆန် ၊ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ ပုံစံနဲ့ ဆော့ဖ်ဝဲကို တည်ဆောက်ထားပါတယ်။ Video သင်ခန်းစာတွေကို စီစဉ်ပေးထားတဲ့အတွက် အချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် လေ့လာသင်ယူနိုင်ပြီး ကိုယ့် အဝတ်လျှော်လုပ်ငန်းမှာ ထိထိရောက်ရောက် အသုံးပြုနိုင်ပါတယ်။

အချိန်ကုန်သက်သာတယ်

ဘောင်ချာစာအုပ်တွေ ၊ လက်ရေးစာရင်းမှတ်တမ်းတွေနဲ့ အဝတ်လျှော်လုပ်ငန်းကို လုပ်ဆောင်ရတာဟာ အချိန်တွေ အများကြီးပေးရပါတယ်။ ဒိုဘီမတ် ဆော့ဖ်ဝဲကို အသုံးပြုခြင်းဖြင့် စာရွက် စာအုပ်တွေနဲ့ ခေါင်းရှုပ်စရာမလိုဘဲ စိတ်ရော လူပါ သက်သာရာရစေမှာဖြစ်ပါတယ်။

ဈေးမကြီးဘူး

အဝတ်လျှော်လုပ်ငန်းတွေအတွက် သီးသန့်ဆော့ဖ်ဝဲတစ်ခု တည်ဆောက်အသုံးပြုဖို့ဟာ ကုန်ကျစရိတ်ကြီးမားပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီမရှိဘဲ ရေရှည်အသုံးပြုဖို့ မလွယ်ပါဘူး။ ဒိုဘီမတ်ကိုအသုံးပြုဖို့အတွက် တတ်နိုင်တဲ့ မုန့်ဖိုးလောက်သာရှိတဲ့ လစဉ်ကြေး ပမာဏသာ ကျသင့်မှာဖြစ်ပါတယ်။

အသုံးဝင်မှုများ

သင့်ရဲ့ အဝတ်လျှော်လုပ်ငန်းမှာ ဒိုဘီမတ် ဆော့ဖ်ဝဲကို ဒီလို လုပ်ငန်းစဉ်တွေအတွက် အသုံးပြုနိုင်ပါတယ် -

ကိုယ်မှတ်သားနေကျ အဝတ်အထည် အမည်တွေ နဲ့ ဝန်ဆောင်ခ တွေကို ကိုယ့်စိတ်ကြိုက် အမည် အမှတ်စဉ်တွေ ပေးပြီးသတ်မှတ်နိုင်ပါတယ်။

အဝတ်အပ်နေတဲ့ ဖောက်သည်တွေရဲ့ ဖုန်း ၊ လိပ်စာ စတဲ့ အချက်အလက်တွေကို သိမ်းဆည်းထားပြီး အလွယ်တကူ ပြန်ရှာနိုင်ပါတယ်။

feature img
feature img

ဒါ့အပြင်

အောက်ပါ လုပ်ငန်းစဉ်တွေကိုပါ အသုံးပြုနိုင်ပါတယ်။

ဘောင်ချာထုတ်ခြင်း - အဝတ်အထည် တစ်မျိုးချင်းစီ နှင့် အရေအတွက် ပါဝင်သော အဝတ်အပ်လက်ခံဘောင်ချာ နှင့် ကျသင့်ငွေ ဘောင်ချာ။

ပြီးမပြီးအခြေအနေ - လျှော်ဖို့အပ်ထားတဲ့သူ တစ်ဦးချင်းစီအလိုက် အပ်နှံပြီး ၊ မီးပူတိုက်ပြီး ၊ ပို့ဆောင်ပြီး (သို့) လာယူပြီး အခြေအနေတွေ။

ဝန်ဆောင်ခရငွေများ - နေ့စဉ် ရရှိတဲ့ စုစုပေါင်း ဝန်ဆောင်ခများ၊ လစဉ် ၊ အပတ်စဉ် ကြည့်ချင်တဲ့ အချိန်ကာလအလိုက် စုစုပေါင်း ရငွေများ။

ရသုံးငွေမှတ်တမ်း - နေ့စဉ် ဝင်ငွေ နဲ့ ထွက်ငွေ တွေကို အမျိုးအစားတွေခွဲပြီး မှတ်ခြင်း၊ တစ်နေ့တာ ကျန်ငွေစာရင်း ဖော်ပြခြင်း။

အထူး နှုန်းထား

ကနဦး

၃၀၀၀၀ ကျပ်သာ

ပေးသွင်းပြီး
  • ဆိုင်ပိုင်ရှင် အတွက် အကောင့် တစ်ခု
  • ဝန်ထမ်း အတွက် အကောင့် တစ်ခု
  • အွန်လိုင်းဒေတာ

၁ လ

အခမဲ့

အသုံးပြုလိုက်ပါ
  • စတင်အသုံးပြုပါက
  • ၃၀၀၀၀ ကျပ်သာ ပေးသွင်းပါ
  • ၁၅၀၀၀ ကျပ် သက်သာမည်

ဆက်လက်သုံးလိုပါက

တစ်လ ၁၅၀၀၀ ကျပ်သာ

လစဉ် ပေးသွင်းရန်လိုပါသည်
  • ဗွီဒီယို သင်ခန်းစာများ
  • FB Messenger မှ အကူအညီ
  • သိလိုရာ ဖုန်းဆက် မေးမြန်းနိုင်မှု

မဝယ်သုံးခင် စမ်းကြည့်ပါ

သင်ကိုယ်တိုင် ဆော့ဖ်ဝဲရဲ့ အလုပ်လုပ်ပုံတွေကို ကိုယ်တွေ့သိရအောင် စမ်းသပ်နိုင်ပါတယ်။ သင်ကိုယ်တိုင် ဗွီဒီယိုသရုပ်ဖော် အသုံးပြုနည်း သင်ခန်းစာတွေကို ကြည့်ပြီး လက်တွေ့လုပ်နိုင်ပါတယ်။

feature img

ဆက်သွယ်ရန်

ဒိုဘီမတ် ဆော့ဖ်ဝဲကို လက်ရှိ Dhobi Laundry ဆိုင်များတွင် စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဆိုင်အများအသုံးပြုနိုင်ရန် စီစဉ်နေပြီး အသုံးပြုလိုတဲ့ အဝတ်လျှော်လုပ်ငန်းဆိုင် များကို အောက်တိုဘာလမှ စတင် ရောင်းချပေးမှာဖြစ်ပါတယ်။ သိလိုသည်များကို DobiMart ၏ Facebook Page တွင် Messenger မှတစ်ဆင့် မေးမြန်း၍သော်လည်းကောင်း ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ဆက်သွယ်၍သော်လည်းကောင်း Email ပို့၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

အမှတ် ၇၀၁၊ ၃ လမ်း၊ ငမိုးရိပ် ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

09 5080 688 / 09 799 57 2499

dhobimart@logikamyanmar.net